ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဒု-ခရိုင်ဦးစီးမှုး ဦးလှထွဋ်ဦးသည် မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မဆီလုပ်ငန်းရှင်များနှင့် (၁၇-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ၊ မြို့နယ်တာဝန်ခံများ၊ ဆီလုပ်ငန်းရှင်များပူးပေါင်း၍ Software Traninig Zoom Metting ဖြင့်ပြုလုပ်သော Software System အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ မြောင်းမြမြို့နယ်တာဝန်ခံနှင့် ဆီထုတ်ကိုယ်စားလှယ်၊ လက်ကားအရောင်းကိုယ်စားလှယ်များစုပေါင်း၍ Online Virtual စနစ်ဖြင့် သင်တန်းတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် Software နှင့်ပတ်သက်၍ ပြုလုပ်ရမည့်အချက်အလက်များကို Citizen Pay မှ တာဝန်ရှိသူတစ်ဦးက Power Point ဖြင့်ရှင်းလင်းဆွေးနွေးပြီး သိရှိလိုသောအချက်အလက်များအား လက်ကားကိုယ်စားလှယ်များကမေးမြန်းရာတွင်လည်း တာဝန်ရှိသူက အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကုမ္ပဏီဘက်မှ ဆီလက်ကားကိုယ်စားလှယ်များကိုလည်း Sharing လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ဆီထုတ်ယူရန်အတွက်ကုဒ်ကို တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ အသုံးပြုစရာမလိုဘဲ မိမိအစီအစဉ်ဖြင့် ဆီထုတ်ယူလျှင် ဆီထုတ်ယူရန်ကုဒ်ကို အသုံးပြုရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ လက်ကားကိုယ်စားလှယ်များသို့လည်း ဦးစွာဆီထုတ်ယူရန်အတွက် ကုဒ်ပေးပို့ရန်အလို့ငှာ တော်ဝင်ဧကရာဇ် ကုမ္ပဏီမှ SMS ချပေးမည်ဖြစ်ကြောင်း လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးကို နေ့လယ် (၁၄:၀၀)နာရီခန့်အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်၍ ရောက်ရှိလာသော မြို့နယ်ဆီထုတ်ကိုယ်စားလှယ်များနှင့် လက်ကားအရောင်းကိုယ်စားလှယ်များကလည်း ဆီထုတ်ရန်အတွက် လိုအပ်သောအချက်အလက်များကိုညှိနိုင်းဆွေးနွေးပြီး အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)