ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၁၇-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ Resources group Co.Ltd မှထုတ်ယူခဲ့သော ယာဉ်အမှတ် 5B-8853 မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၈)ပေပါ (သို့) ပိဿာ(၄၁၈၀) မော်ကျွန်းမြို့သို့ ရောက်ရှိလာခဲ့ပါသည်။
အဆိုပါ စားအုန်းဆီများကို မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။
DOCA(ဧရာဝတီ)