Main menu

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        ၂၀၂၄ခုနှစ်၊ စက်တင်လဘာလ (၁၈)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် Online ပေါ်မှတစ်ဆင့် ဖြန့်ချိရောင်းချနေသော တရားမဝင်ဆေးဝါးများရောင်းချနေမှုရှိ/မရှိစစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သောဆေးဝါးများနှင့် ဆေးပစ္စည်းများရောင်းချနေမှုရှိ/မရှိစစ်ဆေးခြင်းနှင့် ဆေးစျေးနှုန်းများ၏ စျေးကွက်အခြေအနေများကို မေးမြန်းစုံစမ်းခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)