စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ / မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိတို့၏ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။
ထိုသို့တင်ပြမှုများကို ဆောင်ရွက်လျက်ရှိရာ (၁၈-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်အတွင်း တာဝန်ကျဝန်ထမ်းများက တာမွေမြို့နယ်ရှိ ၂၀၀၀ စက်သုံးဆီဆိုင်၊ သူရိယစွမ်းအင်စက်သုံးဆီဆိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ Max Energy စက်သုံးဆီဆိုင်များသို့ကွင်းဆင်း၍ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး PPRD မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်သည့်အချိန်၊ ဆီကားရောက်ချိန်နှင့် ဆီဈေးနှုန်းတင်ထားသည့် Ledboard များကိုပါစစ်ဆေးခဲ့ပြီး တရားမဝင်စက်သုံးဆီများရောင်းချခြင်းမပြုရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့်အညီလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)