စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၂၀-၉-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေးရှိ စားသုံးဆီအမျိုးမျိုးရောင်းချနေသော ကုန်မျိုးစုံဆိုင်ရှင်များအား စည်ပင်သာယာခန်းမ၌ အသိပညာပေးတွေ့ဆုံဟောပြောခဲ့ပါသည်။
ထိုသို့ဟောပြောရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများကို (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိကိုကြည့်ရှုပြီး ဝယ်ယူရောင်းချရန်၊ မိမိတို့ရောင်းချသည့်ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့်ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ စသည်တို့ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)