စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် မြောက်ပိုင်းခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးတို့အတွက် အင်းစိန်ဈေးအတွင်းရှိကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့်ကုန်ဈေးနှုန်းအခြေအနေများကို စာရင်းကောက်ယူလျက်ရှိပါသည်။
အဆိုပါစာရင်းကောက်ယူရာတွင် (၂၀-၉-၂၀၂၄)ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသည့် အင်းစိန်ဈေးကြီးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ကြက်ဥ၊ ဘဲဥ၊ အသားငါးနှင့် ငါးပိ စသည့် မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိူးဈေးနှုန်းစာရင်းကောက်ယူခဲ့ခြင်းကို ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)