Main menu

ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော ပဲစင်းငုံနီဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲစဉ်းငုံနီဈေးနှုန်းမှာ တဖြည်းဖြည်းကျဆင်းနေခဲ့သော်လည်း အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ကုန်စည်ဒိုင်တွင်သာမက အပြင်ပွဲရုံများတွင်လည်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

     စက်တင်ဘာလ(ဒုတိယပတ်)တွင်  ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲစင်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၁၆၃၀၀၀)၊ (တတိယပတ်)တွင် ကျပ်(၁၅၈၈၀၀)ဖြစ်နေပြီး (ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၄၂၀၀)ကျပ်ခန့်ဈေးကျနေသော်လည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့ တင်ပို့နေရကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)