စားသုံးသူရေးရာဦးစီးဌာနရှိ ဌာနခွဲများအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမရှိဘဲ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဌာနခွဲများအလိုက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို virtual ဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ စက်တင်ဘာလ ၂၁ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနမှ ဌာနခွဲတာဝန်ခံနှင့် အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်၊၊
အဆိုပါအစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများကို ကျွမ်းကျင်စွာသိရှိထားရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးထိုက်က စားသုံးသူအသိပညာပေးလုပ်ငန်းများကို လျာထားချက်နှင့်အညီ ပြည့်မီအောင်ဆောင်ရွက်ရန်နှင့် စားသုံးသူကော်မတီအစည်းအဝေးကို (၃)လတစ်ကြိမ်ဆောင်ရွက်ရန်ပြောကြားခဲ့ပါသည်၊၊
ထို့နောက် တက်ရောက်လာသော တိုင်းဒေသကြီးပြည်နယ်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲမှ တာဝန်ရှိသူများကလည်း စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်နေမှု၊ Talk Show ဆောင်ရွက်နေမှုနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများကိုတင်ပြခဲ့ပြီး အစည်းအဝေးကို နေ့လယ် ၁၆:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်၊၊
DOCA(ဧရာဝတီ)