Main menu

ဒေးဒရဲမြို့ရှိ ဆေးဆိုင်များ ဆေးနှင့်ဆေးဝါးများကို FDA ၏ထောက်ခံချက်ဖြင့် ရောင်းချမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

        ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးသိန်းမောင်သည် FDA အဖွဲ့သားများ၊ ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် ဒေးဒရဲမြို့ပေါ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ ဆေးနှင့် ဆေးဝါးများကို သက်ဆိုင်ရာထောက်ခံချက်ဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

        ထိုသို့စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် FDA အဖွဲ့သားများ၊ ဌာနဆိုင်ရာဝန်ထမ်းအားလုံးသည် ဆေးဆိုင်အတွင်း ဆေးများကို နည်းစနစ်မှန်ကန်စွာထားသိုသိမ်းဆည်းမှု ရှိ/မရှိစစ်ဆေးခြင်း၊ သက်ဆိုင်ရာထောက်ခံချက်ပါဝင်မှုရှိ/မရှိစစ်ဆေးခြင်း၊ ဈေးနှုန်းထားများမေးမြန်းခြင်း၊ ဆေးနှင့် ဆေးဝါးရောင်းချရန် တရားဝင်မှတ်ပုံတင်ထားရှိခြင်းများကိုစစ်ဆေးခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ဆေးအရောင်းဆိုင်များအား သက်တမ်းလွန်ဆေးများကိုမရောင်းချမိရန်နှင့် ရည်ညွန်းဈေးအတိုင်း ရောင်းချကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)