ဧရာဝတီတိုင်းဒေသကြီးအတွင်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသော ကွမ်းသီးစိုက်ဧက ၂၁၈၆၂ဧကရှိပြီး မြောင်းမြမြို့နယ်တွင် ကွမ်းသီးစိုက်ဧက ၃၅၆၉ဧကစိုက်ပျိုးလျက်ရှိရာ ကွမ်းသီးထွက်ရှိချိန် ကွမ်းသီးအနု (အရည်သောက်) များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ကွမ်းသီးအရင့်များမှာ ဒေသတွင်းစားသုံးရန် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
တရုတ်နိုင်ငံဈေးကွက်တွင် မြောင်းမြကွမ်းသီးကို ကြိုက်နှစ်သက်မှုရှိပြီး ဝယ်လိုအားရှိသည့်အတွက် မြောင်းမြမြို့မှာ ကွမ်းသီးနု (အရည်သောက်) အဓိကအရောင်းအဝယ်ဖြစ်သည့် ဒေသတစ်ခုဖြစ်၍ ကွမ်းသီးအနု (အရည်သောက်) ထွက်ရှိချိန် မတ်လမှ ဩဂုတ်လအတွင်း မြောင်းမြမြို့ပေါ်တွင် အဝယ်ဒိုင်များဖွင့်လှစ်ဝယ်ယူလျက် ရန်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး ယခင်နှစ် ကွမ်းသီအနု (အရည်သောက်) တစ်ပိဿာကို ကျပ်၃၃၀၀ဈေးဖြင့် ဝယ်ယူလျက်ရှိသော်လည်း ယခုနှစ် ကွမ်းသီးအနု (အရည်သောက်) တစ်ပိဿာလျှင် ကျပ် ၁၀၆၀၀ဈေးရရှိ၍ ကွမ်းသီးစိုက်ပျိုးသည့်တောင်သူများ တွက်ချေကိုက်လျက်ရှိပြီး ကွမ်းသီးအရင့်ဈေးနှုန်းမှာ ယခင်နှစ်က တစ်ပိဿာလျှင် ကျပ် (၆၀၀၀) ဈေးရှိခဲ့ပြီး ယခုနှစ်တွင် ကျပ်၁၀၀၀၀ဈေးရရှိသည့်အတွက် ကွမ်းသီးစိုက်ပျိုးသောတောင်သူများ ဈေးကောင်းရလျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။
DOCA(ဧရာဝတီ)