![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၅_10.jpg?itok=kYkpHQl9)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀-၉-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အခြေခံပညာမူလတန်းကျောင်း(နံကပ်ကျွန်း) နှင့် နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် အခြေခံပညာမူလတန်းလွန်ကျောင်း (မြို့ဟောင်း) တို့တွင် စားသုံးသူကာကွယ်ရေးအသိပညာများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ အခြေခံကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ၊ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်နှင့် ကုန်စည်များကိုရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရေး၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်အကြောင်းအရာများနှင့် တိုင်ကြားနိုင်သည့်နေရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)