Main menu

ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign နှင့် အလှကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်္ဂလာဈေး၌ (၁၆-၉-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီများပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign နှင့် အလှကုန်ပစ္စည်းရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

          အလှကုန်ပစ္စည်းများ၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)ပါ ကုန်အညွန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ သတ်မှတ်ချက်များပြည့်စုံမှန်ကန်စွာဖော်ပြပါဝင်မှုရှိ/မရှိနှင့် သုံးစွဲရန်မသင့်ဟုတားမြစ်ထားသော အလှကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)