မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ အစားအစာ ရွေးချယ်သုံးစွဲတတ်စေရေးအတွက်ရည်ရွယ်၍ (၁၉-၉-၂၀၂၄)ရက်နေ့၊ နံနက်(ဝ၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ သံဇလုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ တာဝန်(၄)ရပ်နှင့် ကုန်အညွှန်းအမှတ်အသား(၈)ချက်အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက မျောက်ကျောက်ရောဂါကာကွယ်ရေးအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)