Main menu

ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း) တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးရည်ရွယ်၍ (၁၉-၉-၂၀၂၄)ရက်နေ့၊ နံနက်(ဝ၉:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

         အဆိုပါဟောပြောပွဲတွင် ဒုတိယဦးစီးမှုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားခွင့်၊ ကုစားခွင့်ရရှိနိုင်သည့်အကြောင်းအရာများနှင့် တိုင်ကြားနိုင်သည့်နေရာများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)