Main menu

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်ပထမရှစ်လအတွင်း ဆီတင်သွင်းမှုအတွက် ဒေါ်လာ ၁.၆သန်းကျော်သုံးစွဲခဲ့

Powered by Drupal

         ကမ္ဘောဒီးယားနိုင်ငံ၏ ဒီဇယ်လောင်စာဆီနှင့် ရေနံဆီတင်သွင်းမှုသည် ယခုနှစ်ရှစ်လအတွင်း ၁၈% မြင့်တက်လာခဲ့ကြောင်း အထွေထွေအကောက်ခွန်နှင့် ယစ်မျိုးဌာနမှ တနင်္ဂနွေနေ့ တွင် ပြောကြားခဲ့သည်။

          ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ဒီဇယ်လောင်စာဆီနှင့် ရေနံဆီတင်သွင်းမှုစုစုပေါင်းတန်ဖိုးသည် ကန်ဒေါ်လာ ၁၆၆၃သန်းရှိပြီး ယမန်နှစ်အလားတူကာလထက် ၁၈% မြင့်တက်လာခဲ့သည်။

          ကမ္ဘောဒီးယားနိုင်ငံသည် ဒီဇယ်လောင်စာအတွက် ဒေါ်လာ ၁၀၀၆သန်းနှင့် ရေနံဆီအတွက် ဒေါ်လာ  ၆၅၇သန်းသုံးစွဲခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၆% နှင့် ၂၁% အသီးသီးမြင့်တက်လာခဲ့သည်။

         ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ ပင်လယ်ကြမ်းပြင်ရှိ ရေနံသိုက်အားထုတ်လုပ်ရန် အစီအစဉ်မရှိသေးသောကြောင့် ဒီဇယ်လောင်စာနှင့် ရေနံဆီတင်သွင်းမှုအပေါ် လုံးလုံးလျားလျားမှီခိုနေရသည်။

          သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန၏အဆိုအရ ကမ္ဘောဒီးယားနိုင်ငံ၏ ရေနံထွက်ကုန်လိုအပ်ချက်သည် ၂၀၂၀ခုနှစ်တွင် တန်ချိန် ၂.၈သန်းမှ ၂၀၃၀ခုနှစ်တွင် တန်ချိန် ၄.၈သန်းအထိတိုးလာမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

Source : khmertimeskh

DOCA(ရန်ကုန်)