Main menu

၂၀၂၄ခုနှစ် စက်တင်ဘာလ တတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

    ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ပြောင်းသီးနှံမှာ အမြင့်ဈေး (၁၀၅၀)ကျပ် ဈေးရှိနေပြီး ယခုအပတ်တွင်အနည်းငယ် စတင်စီးဆင်းခဲ့ပါသည်။ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာ လျှင် ထူး ၁-၉၅၀၀ကျပ်၊ ထူး ၂-၁၀၀၀၀ကျပ်၊ ထူး ၃-၁၁၀၀၀ကျပ်၊ ထူး ၄-၁၁၅၀၀ကျပ်၊ ထူး ၅-၁၂၀၀၀ကျပ်၊ ထူးလွန်-၁၂၅၀၀ကျပ် နှင့် ဥတစ်လုံးအလတ်ဆိုဒ်မှာ ၂၅၀၀၀ကျပ်ဈေးရှိနေပြီး ဈေး ကွက်ဝင်ရောက်မှုရှိသဖြင့် ဈေးအနည်းငယ်ကျဆင်းကာ စီးဆင်းမှုမှာ ပုံမှန်သာရှိပါသည်။

   အာလူးသီးနှံမှာ တစ်ပိဿာလျှင် မျက်နီ S2-၅၈၀၀ကျပ်၊ S1-၅၂၀၀ကျပ်၊ OK-၅၀၀၀ကျပ်၊ ဆွဲသီး-၃၂၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၁၈၀၀ကျပ်ဈေးပေါက်နေပြီး မားကီးနှင့် နယ်သာလန်မျိုးတို့ တွင် မားကီး S2-၆၅၀၀ကျပ်၊ S1-၆၀၀၀ကျပ်ဖြင့် ဈေးကွက်အဝင်များသော်လည်း အထွက်နှုန်းလျော့ကျသဖြင့် ဈေးနှုန်းမြင့်တက်လာပါသည်။

   ချင်းသီးနှံမှာ ဈေးနှုန်းထူးခြားစွာပြောင်းလဲမှုမရှိဘဲ ချင်းဥမမြေနီအကြီးစမှာ တစ်ပိဿာလျှင် (၄၀၀၀)ကျပ် နှင့် အလတ်စမှာ (၃၅၀၀)ကျပ် ပေါက်ဈေးရှိနေပါသည်။

     ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၁၂၀၀-၁၅၀၀ကျပ်၊ ပန်းမုံလာ ၁၃၀၀-၁၅၀၀ကျပ်၊ ခရမ်းချဉ် ဂွတ်ရှယ်သီး ၁၇၀၀ကျပ်နှင့် အသေးဆုံးသီး မှာ ၁၂၀၀ကျပ်၊ ဘိုစားပဲ ၅၀၀၀ကျပ်၊ မုန်လာဥနီ ၄၀၀၀ ကျပ်၊ ဖရုံသီး ၁၈၀၀ကျပ်၊ ရွှေပဲ ၃၅၀၀၀-၄၀၀၀၀ကျပ်၊ ငြုပ်ပွ ၅၅၀၀-၆၅၀၀ကျပ်၊ ခရမ်းသီး ၂၂၀၀-၂၅၀၀ကျပ်၊ မုန်ညှင်း ၃၂၀၀-၃၅၀၀ကျပ် အသီးသီးဈေးရှိနေကြပြီး ရေကြီးမှုများကြောင့် အပျက်အစီးများကာ အဝင်နည်းသဖြင့် သီးနှံဈေးနှုန်းများမှာ မြင့်တက်လာပြီး စီးဆင်းမှုမှာ ယခင်အပတ်ထက် အနည်းငယ်ပိုလာကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)