Main menu

အောင်ပန်းမြို့ဒေသထွက် အာလူးသီးနှံဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

     ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၌ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် အာလူးသီးနှံဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လာကြောင်းသိရှိရပါသည်။အာလူးသီးနှံကို အဓိကစိုက်ပျိုးသောဒေသများမှာ ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ ပင်းတယ နှင့် ဟဲဟိုးဒေသများဖြစ်ပြီး စက်တင်ဘာလနှင့်အောက်တိုဘာလများတွင်သီးနှံလှိုင်လှိုင်ပေါသည့်ကာလဖြစ်သော်လည်း အထွက်နှုန်းလျော့နည်းလာမှုကြောင့် ဈေးနှုန်းအနေဖြင့် ယခင်ကမျက်နီ S2-၄၅၀၀ကျပ်၊ S1-၄၀၀၀ကျပ်၊ OK-၃၅၀၀ကျပ်၊ ဆွဲသီး-၂၅၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၁၀၀၀ကျပ်ဈေးရှိကြပြီး ယခုအခါ မားကီး S2 (အကြော်သီး)-၅၅၀၀ကျပ်၊ မျက်နီ S2-၅၀၀၀ကျပ်၊ S1-၄၈၀၀ကျပ်၊ OK-၄၅၀၀ကျပ်၊ ဆွဲသီး-၃၀၀၀ ကျပ်နှင့် ဂေါ်လီဆိုဒ်မှာ ၁၄၀၀ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)