Main menu

ကမ္ဘောဒီးယား အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးပရောဂျက်အားလုံးကို ဆက်လက်လုပ်ဆောင်မည်

Powered by Drupal

       CLV-DTA ပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်သည်ဖြစ်စေ ကမ္ဘောဒီးယားသည် ၎င်း၏အချုပ်အခြာအာဏာကာကွယ်ရေးကိုသေချာစေရန်အတွက် ၎င်း၏ အရှေ့မြောက်နယ်စပ်ဒေသများကို ဆက်လက်ဖွံဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောကြားသည်။ ဝန်ကြီးချုပ်၏ပြောပြချက်အရ အဆိုပါမူဝါဒတွင် အိမ်နီးချင်းနိုင်ငံများနှင့်နယ်နိမိတ်သတ်မှတ်ပေးရေး၊ နယ်စပ်လမ်းများဖောက်လုပ်ရေးတို့ပါဝင်ကြောင်းသိရသည်။ ထို့ပြင် အစိုးရအနေဖြင့် အရှေ့မြောက်ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမြှင့်တင်ရေးအစီအစဉ်ကို လာမည့်နှစ်အထိ ဆက်လက်ဖော်ဆောင်မည်ဖြစ်ကြောင်းပြောကြားသည်။

         ဝန်ကြီးချုပ်က နယ်စပ်လမ်းဖော်လုပ်ရာတွင် အဓိကထားဆေင်ရွက်နေသော နယ်စပ်အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းသို့ ပံ့ပိုးပေးခဲ့ကြသော အိမ်နီးချင်း နိုင်ငံများအား ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ထို့ပြင် ရန်ပုံငွေရှာဖွေရေးလှုပ်ရှားမှုများကို အောက်တိုဘာလကုန်အထိ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ယင်းနောက် ရန်ပုံငွေများကို ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိသောဖွံ့ဖြိုးရေးစီမံချက်အဖြစ် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

         နိုင်ငံ၏အရှေ့မြောက်ဒေသများသို့ အခမဲ့ခရီးစဉ်အစီအစဉ်များကို ယခုနှစ်အကုန်အထိ ဆက်လက်လုပ်ဆောင်မည်ဖြစ်သောကြောင့် နိုင်ငံသားများက နယ်စပ်ဒေသတစ်လျှောက် အမှန်တကယ်ဖြစ်ပေါ်နေသော ဖွံ့ဖြိုးတိုးတက်မှုကိုမြင်တွေ့နိုင်စေရန် ကြိုးစားသွားမည်ဟု ထပ်မံပြောကြားခဲ့ပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)