Main menu

တောင်ကြီးမြို့မှ ရိုးရာအစားအစာများအား ကြိုက်နှစ်သက်စွာ ဝယ်ယူစားသောက်

Powered by Drupal

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ဒေသရိုးရာအစားအစာများဖြစ်သည့် ငှက်ပျောဖက်ဖြင့် ထုပ်ထားသော ငါးပေါင်း၊ မှိုပေါင်း၊ ဝက်သားပေါင်း၊ မုန့်ညှင်းပေါင်းနှင့် ဟင်းရွက်စုံပေါင်းများအပြင် ပဲပုပ်ထမင်းသုပ်၊ ငါးထမင်းနယ်၊ ရှမ်းထမင်းချဉ်နှင့် အာလူးထမင်းနယ် စသည့်အစားအစာများကို တောင်ကြီးမြို့ညဈေးတန်းလမ်းတစ်လျှောက်တွင် ညနေပိုင်းအချိန်မှစ၍ ရောင်းချလျက်ရှိရာ စားသုံးသူများက ကြိုက်နှစ်သက်စွာ ဝယ်ယူစားသောက်ကြသဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းများမှာ ဟင်းပေါင်းတစ်ထုပ်လျှင် ကျပ်(၂၀၀၀)ကျပ် မှ ကျပ်(၃၀၀၀)ကျပ်အထိရှိပြီး ရိုးရာထမင်းနယ်များမှာ ကျပ်(၃၀၀၀)ကျပ် မှ (၄၀၀၀)ကျပ်ကြား ရှိကြောင်း သိရှိရပါသည်။

     ထူးခြားမှုအနေဖြင့် (၅)ရက်တစ်ပတ်ဈေးတွင်သာ ရရှိနိုင်သည့် ငါးပေါင်းချက်နှင့် ငါးကင်များကိုလည်း ဝယ်ယူစားသုံးကြကြောင်း၊ ငါးပေါင်းချက်တစ်ဘူးလျှင် ကျပ်(၃၀၀၀)ကျပ် မှ (၅၀၀၀)ကျပ် အထိရှိပြီး ငါးကင်များမှာ အကြီးအသေးအပါ်မူတည်၍  တစ်ကောင်လျှင် ကျပ်(၈၀၀၀)ကျပ် မှ (၁၂၀၀၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ငါးပေါင်းများကို ဈေးကွက်အတွင်း မရောင်းချမီ ငါးကိုကြိုတင်၍ ၂ရက်ခန့် ပေါင်းထားကြောင်း သို့မှသာလျှင် နူးညံ့ပြီး စား၍ပိုကောင်းကြောင်း၊ ရွှေညောင်မြို့နယ်မှ လာရောက်ရောင်ချသည့် ဈေးသည်တစ်ဦး၏‌ပြောပြချက်အရသိရှိရပါသည်။

     တောင်ကြီး-ကလော-အောင်ပန်းမြို့များတွင် ၅ရက်တစ်ပတ်ဈေးရှိပြီး လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အသားငါးများ၊ မီးဖိုချောင်းသုံးပစ္စည်းများ၊ အဝတ်အထည်များနှင့် လျှပ်စစ်စ္စည်းများ စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြ၍ ရောင်းသူဝယ်သူများဖြင့် စည်းကားနေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)