
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရွေးချယ်သတ်မှတ်ထားသော ဦးစားပေးကုန်စည်အမျိုးအစား (၁၀)မျိုးအပေါ် ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်သွားရန် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၃ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ “မချို+မမော်” ကုန်မျိုးစုံဆိုင်၊ “နေလ”စတိုးဆိုင် စသည့် ဆိုင်(၂)ဆိုင်သို့ သွားရောက်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “Sunkist” ရှောက်အရသာ အချိုရည်ဘူးများနှင့် “Malee” အသီးဖျော်ရည်စစ်စစ်(လိမ္မော်အရသာ)ဘူးများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိသည်ကိုစိစစ်တွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား ယခုကုန်စည်များကဲ့သို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာ ဝယ်ယူရောင်းချကြရန် ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွာရေးလုပ်ငန်းရှင်၏ တာဝန်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)