ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းဒေသတဝိုက်တွင် ထွက်ရှိလျက်ရှိသော ခရမ်းချဉ်သီးနှံသည် ယခုနှစ် ဇူလိုင်လတွင် တစ်ပိဿာလျှင် (၂၀၀၀-၃၀၀၀)ကျပ်ရှိခဲ့ရာမှ ဩဂုတ်လ နှောင်းပိုင်းနှင့် စက်တင်ဘာလ အစောပိုင်းကာလတို့တွင် ကုန်စည်၏အရည်အသွေးကျဆင်းခြင်း၊ စိုက်ခင်းများရေ နစ်မြုပ်မည်ကိုစိုးရိမ်၍ မရင့်မှည့်မီ ခူးဆွတ်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခိုက်အတန့်ပြတ်တောက်မှုကြောင့် ကုန်စီးဆင်းမှုမရှိသဖြင့် ဈေးနှုန်းများကျဆင်းသွားခဲ့ပါသည်။ ယခုအခါ သဘာဝရေဘေးကြောင့် ခေတ္တပိတ်နေသည့် ခရီးလမ်းကြောင်းများပွင့်လာ၍ ကုန်စီးဆင်းမှုပုံမှန်ရှိလာခြင်း၊ ဝယ်လိုအား၊ ရောင်းလိုအားမျှခြေရှိလာခြင်းတို့ကြောင့် ခရမ်းချဉ်တစ်ပိဿာလျှင် (၁၂၀၀-၁၇၀၀) ဈေးဖြင့် လက်ကားရောင်းဝယ်မှုနှင့် လက်လီရောင်းဝယ်သည့် နေရာဒေသစုံသို့ တင်ပို့ရောင်းဝယ်နိုင်ပြီဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)