Main menu

သတင်းရယူခြင်းနှင့် ရေးသားနည်း

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ (၂၀-၉-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် သတင်းရယူခြင်းနှင့် ရေးသားနည်းသင်တန်း ကျင်းပပြုလုပ်ခဲ့ပါသည်။

      ၎င်းအစည်းအဝေးခန်းမသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်မှူးနှင့် စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)နှင့် ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများ၊ ဦးစီးအရာရှိများ၊ ဒု-ဦးစီးမှူးများ၊ အရာထမ်းများ၊ အမှုထမ်းများတက်ရောက်ခဲ့ပါသည်။

         သတင်းရယူခြင်းနှင့် ရေးသားနည်းသင်တန်းတွင် လိုက်နာကျင့်သုံးရမည့် သတင်းအချက်အလက်များ( Information Data ) များကို ဘ(၆)လုံးနှင့်ညီညွတ်အောင် ရေးသားပြုစုရမည်။ ကိုယ်ရေးသားမည့် Information ကို တိကျသေချာစွာရေးသားဖော်ပြရမည်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

      သတင်းမှာလည်း သတင်းမာနှင့် သတင်းပျော့ဟူ၍ (၂)မျိုးရှိသည်။ သတင်းမာဆိုသည်မှာ ချက်ချင်းလက်ငင်းဖြစ်ပျက်ပြီး အလျင်စလိုတင်ပြသောအကြောင်းအရာကို သတင်းမာဟုခေါ်သည်။ သတင်းပျော့ဆိုသည်မှာ နေ့စဉ်ကုန်ဈေးနှုန်းများပါဝင်နေသော အကြောင်းအရာများကို သတင်းပျော့ဟုခေါ်သည်။

          အဆိုပါ သတင်းရယူခြင်းနှင့် ရေးသားချက်သင်တန်းကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)