ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယအပတ်မှစ၍ မိုးများခြင်း၊ ရေးကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ရာတွင် အခြေခံစားသောက်ကုန်များအားရောင်းချရန် အခက်အခဲများဖြစ်ပေါ်ခဲ့ပါသည်။
ယခုအခါ စက်တင်ဘာလ၊ စတုတ္ထအပတ်တွင် ရာသီဥတုအခြေအနေ၊ လမ်းခရီးအခြေအနေများမှာ ပုံမှန်ပြန်ဖြစ်ပြီး ရေများပြန်လည်ကျသွားပြီဖြစ်ရာ အခြေခံစားသောက်ကုန်(ကုန်စိမ်း)များအား ပုံမှန်အတိုင်း ပြန်လည်ရောင်းချလျက်ရှိပါသည်။
ထိုသို့ရောင်းချရာတွင် ကလောခရိုင်၊ အောင်ပန်းမြို့၌ ခရမ်းချဉ်အသေးတစ်ပိဿာလျှင် (၁၂၀ဝိ/-) ကျပ်၊ ခရမ်းချဉ်သီးအကြီး ရှယ်တစ်ပိဿာလျှင် (၁၅၀ဝိ/၁၇၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) ဥတစ်လုံးတစ်ပိဿာလျှင် (၂၀၀၀ဝိ/- မှ ၂၅၀၀ဝိ/-)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၃၀ဝိ/- မှ ၂၇၀ဝိ/-)ကျပ်၊ ချင်းအလတ်တစ်ပိဿာလျှင် ၃၅၀ဝကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၄၀၀ဝကျပ်၊ အာလူးအသစ်တစ်ပိဿာလျှင် (အလုံးသေး ဂေါ်လီဆိုဒ်မျက်နီတစ်လုံးလျှင် (၁၅၀ဝ/၁၈၀ဝ) ကျပ်၊ အလတ်စားတစ်လုံးလျှင် (၃၅၀ဝ/၄၀၀ဝကျပ်)၊ နနွင်းတက်တစ်ပိဿာလျှင် အညံ့စ ၉၀၀၀ကျပ်၊ တောင်ပို့လ (၁၂၀၀ဝ/၁၂၅၀ဝ)ကျပ်နှင့် ဆင်တောင် (၁၁၀၀ဝ/၁၁၈၀ဝ)ကျပ်၊ ပြောင်းဆံတစ်ပိဿာကျပ် ၁၆၀ဝကျပ်၊ ငရုတ်ခွဲကြမ်းတစ်ပိဿာလျှင် ၁၀၀၀ဝကျပ်တို့ဖြင့် အခြေခံစားသောက်ကုန်စိမ်းများကို ပုံမှန်အတိုင်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)