Main menu

စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တောင်ကြီးမြို့၌ သတင်း/ဆောင်းပါးရေးသားနည်းသင်တန်းဖွင့်လှစ်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရှမ်းပြည်နယ်) တို့ပူးပေါင်း၍ သတင်းဆောင်းပါးရေးသားနည်းသင်တန်းဖွင့်ပွဲကို (၁၉-၉-၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ နည်းပြများ၊ သင်တန်းသူ/ သားများဖြစ်သည့် အရာထမ်း/အမှုထမ်း (၂၈) ဦးတက်ရောက်ခဲ့ပြီး သင်တန်းအား (၁၉-၉-၂၀၂၄) ရက်နေ့မှ (၂၀-၉-၂၀၂၄) ရက်နေ့ထိ နှစ်ရက်ကြာဖွင့်လှစ်ပို့ချခဲ့ပါသည်။

      အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးရွှေဖြူ(ဒု-ညွှန်မှူး)က အဖွင့်အမှာစကားပြောကြားရာ၌ “ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်စေနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သတင်းဆောင်းပါးရေးသားနည်းသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် နည်းပြများက သင်ကြားရာတွင် စနစ်တကျလေ့လာသင်ယူသွားရန် ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးလှဌေး(ဒု-ညွှန်မှူး)၊ ရှမ်းပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဦးသီဟလွင်(ဦးစီးအရာရှိ)နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ ကိုစိုး(ခ) စိုးမော်ဦး(အတွင်းရေးမှူး)တို့က သတင်းဆောင်းပါးရေးသားနည်းဘာသာရပ်ကို ဝန်ထမ်းများသိရှိနားလည်စေရန် အသီးသီး အသေးစိတ်ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)