Main menu

သာယာဝတီခရိုင်အတွင်း သီးနှံဈေးနှုန်းနှင့် လက်ကျန်အခြေအနေ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ သာယာဝတီခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သာယာဝတီခရိုင်အတွင်းရှိ သီးနှံဈေးနှုန်းများနှင့် လက်ကျန်စာရင်းများကို သိရှိစေရန် (၂၂.၉.၂၀၂၄) ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မတ်ပဲဈေးနှုန်းများမှာ တစ်တန်လျှင် ၃၈၉၁၀၀၀ ကျပ်ဖြစ်ပြီး၊ မြေပဲဆံမှာတစ်တန်လျှင် ၅၀၀၀၀၀၀ ကျပ်၊ နှမ်းတစ်တင်းလျှင် ၅၂၀၀၀၀၀ ကျပ်နှင့် အစေ့ထုတ်ပြောင်းတစ်တန်လျှင် ၁၁၂၀၀၀၀ကျပ်ရှိပါသည်။ ဆိုင်၊ ပွဲရုံအတွင်း လက်ကျန်အခြေအနေမှာ မတ်ပဲလက်ကျန် ၇၅တန်ခန့်နှင့် အစေ့ထုတ်ပြောင်းမှာ လက်ကျန်မရှိတော့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)