ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မြို့မဈေးကြီးအတွင်းတွင် စက်တင်ဘာလတတိယပတ်အတွင်း ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ကြက်သွန်နီ (ကြီး)တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ ကြက်သွန်နီ(လတ်) တစ်ပိဿာလျှင် ၂၇၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းမွှာ) တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်၊ ကြူကုတ် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ချင်းတက် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငရုတ်ခြောက် (အရှည်) တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ငရုတ်ခြောက်(အပု) တစ်ပိဿာလျှင် ၂၆၀၀၀ ကျပ်၊ အာလူး တစ်ပိဿာလျှင် ၈၀၀၀ ကျပ်တို့ဖြစ်ပြီး ယခင်ဩဂုတ်လထက် ဈေးအနည်းငယ် မြင့်တက်နေကြောင်း မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များမှ သိရှိရပါသည်။ ပဲဈေးနှုန်းများမှာ မြေပဲလုံးဆံ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ကုလားပဲခြမ်းစိမ်း တစ်ပိဿာလျှင်(၇၂၀၀)ကျပ်ဖြင့် ပုံမှန်ဈေးနှုန်းအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ငါးဈေးနှုန်းမှာ ငါးဘတ်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ တီလားဗီးယားငါးတစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဖြင့် လှိုင်လှိုင်ပေါများစွာ ရောင်းဝယ်လျက်ရှိကြောင်း မြို့မဈေးကြီးအတွင်းရှိ အသား/ငါး ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(ပဲခူး)