Main menu

ပြန်လည်အသက်ဝင်လာသော အောင်ပန်းမြို့ ကုန်စိမ်းဈေးကွက်

Powered by Drupal

      သဘာဝဘေးအန္တရာယ် ရေကြီးမှုဒဏ်ခံခဲ့ရသော အောင်ပန်းမြို့သည် ယခုအခါတွင် ရေများ ပြန်ကျဆင်းသွားပြီဖြစ်၍ ယခင်ကကဲ့သို့ ကုန်စိမ်းဈေးကွက် ပြန်လည်ဦးမော့လာပြီဖြစ်ပါသည်။ ရှေ့ရက်များတွင် ရေလွှမ်းမိုးမှုကြောင့် သီးနှံဈေးနှုန်းများလျော့နည်းခဲ့သော်လည်း ယခုအခါတွင် ကုန်စိမ်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီဖြစ်ကြောင်း တောင်သူတစ်ဦးထံမှသိရပါသည်။

          ယခုအခါတွင် အာလူးတစ်ပိဿာလျှင် (၃၂၀၀) ကျပ်မှ (၅၃၀၀) ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်၊ ချင်း(ဂျင်း) တစ်ပိဿာလျှင် (၁၉၀၀) ကျပ်မှ (၂၀၀၀) ကျပ်၊ ဂေါ်ဖီတစ်ထုပ်လျှင် (၃၅၀) ကျပ်မှ (၁၀၀၀) ကျပ်၊  ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၃၀၀) ကျပ်မှ (၁၆၀၀) ကျပ် အထိ အသီးသီးရှိကြောင်း အောင်ပန်းမြို့ ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။

        “ ဒီရက်ပိုင်း ရေပြန်ကြသွားသည့်အတွက် သီးနှံဈေးကွက် နည်းနည်းပြန်ဖြစ်လာတယ်ပြောရမှာပေါ့။ တောင်သူတွေရဲ့ ဘဝက သီးနှံဈေးကွက်ပေါ် မှီခိုထားရတာဖြစ်တဲ့အတွက် ဈေးနှုန်းတွေအားလုံး ပုံမှန်အတိုင်းပြန်ဖြစ်စေချင်ပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)