ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စက်တင်ဘာလပထမပတ်နှင့် တတိယပတ် အတွင်း အခြေခံစားသောက်ကုန်တစ်ချို့ ဈေးနှုန်း အတက်/အကျဖြစ်ပေါ်နေပြီး ပထမပတ်တွင် ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လက်ကားဈေး ၁၈၀၀၀ ကျပ်၊ လက်လီဈေး ၂၀၀၀၀ ကျပ်ဈေးမှ ယခုတတိယပတ် လက်ကားဈေး ၁၆၅၀၀ ကျပ်နှင့် လက်လီဈေး ၁၈၀၀၀ ကျပ် ဖြစ်သွား၍ တစ်ပိဿာ ၁၅၀၀/၂၀၀၀ ကျပ်ဝန်းကျင်ခန့် ဈေးနှုန်းကျဆင်းနေပြီး၊ အာလူးအလတ်တစ်ပိဿာ လက်ကားဈေး ၄၃၀၀ ကျပ်၊ လက်လီဈေး ၄၈၀၀ ကျပ်မှ ယခုတတိယပတ် လက်ကားဈေး ၇၈၀၀ ကျပ်၊ လက်လီဈေး ၈၀၀၀ကျပ်ဖြစ်သွား၍ တစ်ပိဿာလျှင် ၃၅၀၀/၃၂၀၀ ကျပ်ဝန်းကျင်ခန့် မြင့်တက်လျက်ရှိနေကြောင်း ဈေးကွက်မှ သိရှိရပါသည်။ ပထမပတ်တွင် ဧည့်မထဆန်တစ်ပြည် ၃၀၀၀ ကျပ်ခန့်ရှိပြီး ယခုပတ်တွင် ဆန်တစ်ပြည် ၃၁၀၀ ကျပ်ခန့်ရှိလျက် ၁၀၀ ကျပ်ခန့် ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း သိရပါသည်။ ယခင်က ငရုတ်ခြောက်ရှည် တစ်ပိဿာ ၅၅၀၀/ ၆၀၀၀ ကျပ်ခန့်ရှိပြီး ယခုတွင် တစ်ပိဿာ ၆၅၀၀/၇၀၀၀ ကျပ်ခန့်ရှိပြီး ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှ သိရပါသည်။
ခရမ်းချဉ်သီး တစ်ပိဿာ ၃၀၀၀/၃၅၀၀ ကျပ်၊ ပဲဆီသန့် တစ်ပိဿာ ၁၉၀၀၀/၂၀၀၀၀ ကျပ်၊ မြေပဲဆန် တစ်ပိဿာ ၈၅၀၀/၉၀၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ ၆၈၀၀/၇၀၀၀ ကျပ်၊ မန်ကျည်းသီး(အစေ့မပါ) တစ်ပိဿာ ၆၅၀၀/၇၀၀၀ ကျပ်၊ ဂျင်း တစ်ပိဿာ ၁၁၀၀၀/၁၂၀၀၀ ကျပ် ဈေးနှုန်းဖြင့် ယခင်ပထမပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်မှ သိရပါသည်။
DOCA(ဧရာဝတီ)