ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ စက်တင်ဘာလအတွင်း ဖြစ်ပေါ် ခဲ့သော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းစာရင်းအား ဒလမြို့နယ်၊ အောင်ဇေယျဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းများရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် သွားရောက်၍ ကွင်းဆင်းကောက်ယူခဲ့ကြောင်းသိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းကောက်ယူခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဒလမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အောင်ဇေယျဈေးတာဝန်ခံတို့သည် အောင်ဇေယျဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်များဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဦးမောင်ကျော်ဆန်ဆိုင်၊ ဒေါ်ခင်စိုးမိုးလှိုင်၊ ရွှန်းလဲ့ဦး၊ ဒေါ်ချယ်ရီစိုး စသည့် ကုန်စုံဆိုင်များ၊ ဒေါ်မွန်လှ(ကြက်သား)ဆိုင်၊ ဦးစိန်ဝင်း(ဝက်သား)ဆိုင်၊ ဦးမြင့်လှိုင်(အမဲသား)ဆိုင်၊ ဒေါ်တင်တင် (ဆိတ်သား)ဆိုင်၊ ဦးဝင်းဇော်(ငါး)ဆိုင်၊ ဒေါ်တင်တင်မော်(ကြက်ဥ/ဘဲဥ)ဆိုင်၊ ဒေါ်လဲ့လဲ့ဝင်း (မျှင်ငပိ၊ ငါးပိ) အရောင်းဆိုင်တို့အား လက်ရှိအချိန်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးနှုန်းအခြေအနေအား ဈေးကွက်အတွင်း စာရင်းကောက်ယူခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)