Main menu

တောင်ငူမြို့တွင် ငါးရံ့နှင့်ပုဇွန် ဈေးတက်

Powered by Drupal

    တောင်ငူမြို့တွင် မွေးမြူရေးငါးများဖြစ်သော ငါးကြင်းဈေးမှာ စက်တင်ဘာလနောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်၊ ငါးကြင်းဖြူဈေးမှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ဒေသတွင်း မြစ်ချောင်းအင်းအိုင်များမှရသောငါးခူမှာ စက်တင်ဘာလပထမအပတ်တွင် တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလနောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ ကျပ် ဈေးနှုန်းမြင့်တက်ပြီး ငါးရံ့မှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ပုဇွန်ဆိတ်မှာ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပုဇွန်(အလတ်) မှာ ယခင်ဩဂုတ်လနောက်ဆုံးအပတ်က တစ်ပိဿာလျှင်  ၃၅၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၄၅၀၀၀ကျပ်ဖြင့် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ဈေးမြင့်တက်နေပါသည်။ ပုဇွန်(ကြီး)မှာ တစ်ပိဿာလျှင် ၆၅၀၀၀ ကျပ်ရှိကြောင်း ငါး၊ ပုဇွန်အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)