Main menu

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

Powered by Drupal

         စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက် ရှိရာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း၌ ပြည်ခရိုင်၊ ပြည်မြို့၊ အ.ထ.က(၅)ကျောင်း မုန့်ဆိုင်များရှိ အသင့်စားမုန့်အမျိုးမျိုးကိုလည်းကောင်း၊  ဆံတော်ရပ်ကွက်နှင့် မြို့သစ်ရပ်ကွက် ကုန်စုံဆိုင်များရှိ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ အောင်မင်္ဂလာ ဈေးကုန်စုံဆိုင်များနှင့် ဆံတော်ရပ်ကွက် လက်လီကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက် ကုန်စုံဆိုင်များရှီ နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့၊ ဥသျှစ်ပင်ဈေးနှင့် ပန်းတောင်းစည်ပင်သာယာဈေးများရှိ စားသုံးဆီအမျိုးမျိုးနှင့် နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့၊ မြို့ပေါ် စတိုးဆိုင်များရှိ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ အမှတ်(၅) ရပ်ကွက် ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုတင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပြီး စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)