Main menu

လက်ပံတန်းမြို့၏ ဖွဲနုဈေးကွက်အခြေအနေ

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များကြိတ်ခွဲထုတ်လုပ်ရာမှထွက်ရှိသော ဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၁၀ကျပ်ဖြစ်ခဲ့ပြီး၊ ဖွဲနု ၆၅ပေါင်ပါ တစ်အိတ်လျှင် ၂၀၁၅၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုစက်တင်ဘာလ နောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၅၀ကျပ်ပေါက်ဈေးသာရှိနေကြောင်း၊ ဖွဲနု ၆၅ပေါင်ပါ တစ်အိတ်လျှင် ၂၂၇၅၀ကျပ်ဈေးဖြင့် (လက်လီ)ရောင်းချရကြောင်း၊ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့် ယခုလဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဒေသတွင်းလိုအပ်ချက်များသောကြောင့် ဈေးနှုန်းသည် အတက်ဘက်သို့ ဦးတည်လျက်ရှိကြောင်း ပွဲရုံ ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)