![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၈၀.png?itok=X6xphUY_)
အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည် ဒဂုံမြို့သစ်ခရိုင်၊ အရှေ့ဒဂုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး မြို့နယ်အတွင်း ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျက်ရာ (၂၂-၉-၂၀၂၄) ရက်နေ့တွင် အရှေ့ဒဂုံမြို့နယ်၊ (၇)ရပ်ကွက်ရှိ အမေမြဆန်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေးအရောင်းဆိုင်အား သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များ၊ ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်နှင့် ဆိုင်အတွင်းရှိ စားသောက်ကုန်များသည် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)