
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် တိုင်းအတွင်း စားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးတို့အတွက် တိုင်းဒေသကြီးတချို့မှထွက်ရှိသည့် စားသောက်ကုန်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှထွက်ရှိသော ကုန်စည်များနှင့် တိုင်းပြင်ပမှဝင်ရောက်နေသည့် ကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် (၂၃-၉-၂၀၂၄)ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ အခြေခံစားဖိုဆောင်ကုန်ဈေးနှုန်းများကို အရှေပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး)သည် ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူပူးပေါင်း၍ ပုဇွန်တောင်မြို့နယ်ဈေးအတွင်းရှိ စားဖိုဆောင်သုံးပစ္စည်းအမျိုးမျိူးကို ဈေးနှုန်းစာရင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)