
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် တိုင်းအတွင်းစားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးတို့အတွက် တိုင်းဒေသကြီးတချို့မှထွက်ရှိသည့် စားသောက်ကုန်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှထွက်ရှိသော ကုန်စည်များနှင့် တိုင်းပြင်ပမှ ဝင်ရောက်နေသည့် ကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် (၂၃-၉-၂၀၂၄)ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသည့် တာမွေမြို့နယ်၊ ဒဂုံညွန့်ဈေးအတွင်းရှိ အသားငါးဈေးနှုန်းများကို အရှေပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးနေလင်း(ဌာနခွဲစာရေး)သည် ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူပူးပေါင်း၍ ဈေးနှုန်းစာရင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)