Main menu

ကမ္ဘောဒီးယားမှ အရည်အသွေးအကောင်းဆုံးဆန်တင်သွင်းရန် အမေရိကန်လုပ်ငန်း သဘောတူလက်မှတ်ရေးထိုး

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ် (CRF)  နှင့် အမေရိကန်မှ ကော်ပိုရေးရှင်းတစ်ခုဖြစ်သည့် Otis McAllister,Inc တို့သည် ကမ္ဘောဒီးယား၏ အရည်အသွေးအကောင်းဆုံးဆန်အား အမေရိကန်ဈေးကွက်အတွက်ဝယ်ယူရန် နားလည်မှုသဘောတူစာချုပ်မူကြမ်း (MoV) လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါသည်။ MoU လက်မှတ်ရေးထိုးပွဲအခန်းအနားကို ၂၂-၉-၂၀၂၄ ရက်နေ့က ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Sun Chantol ကိုသက်သေပြု၍ CRF ၏ ဥက္ကဋ္ဌဖြစ်သူ Song Saran နှင့် Otis McAllister ၏ ဆန်နှင့်ပြောင်းဝယ်ယူခြင်းအတွက် အမှုဆောင် ဒုတိယဥက္ကဋ္ဌ Patrick Murphy တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရပါသည်။ MoU ၏အောက်တွင် CRF သည် ကမ္ဘောဒီးယား Jasmine rice ၊ ဆန်ဖွေး၊ SKO နှင့် SRO အမျိုးအစားနှင့် ဆန်ဖြူမျိုးစုံတို့ပါဝင်သည့် အရည်အသွေးမြင့်မားသောဆန်တို့ကို အမေရိကန်သို့ ပံ့ပိုးမည်ဟုသိရသည်။ Chantol က MoU သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်နှင့် ကမ္ဘောဒီးယားဆန်ကို အမေရိကန်ဈေးကွက်သို့တင်ပို့မှု ရှေ့ဆက်မြှင့်တင်ရန်အတွက် အခြေခံတစ်ခုဖြစ်ကြောင်းနှင့်  Made In Cambodia အမှတ်တံဆိပ်နှင့် ဆန်များ အမေရိကန်တွင် အထူးသဖြင့် စူပါမားကတ်များတွင် တည်ရှိမှုမြင့်တက်လာရန် မျှော်လင့်ရကြောင်းပြောကြားခဲ့ပါသည်။ Saran က ၎င်းတို့သည် အမေရိကန်ဈေးကွက်သို့ ဆန်တင်ပို့မှုတိုးချဲ့မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် အမေရိကန်၌နေထိုင်သော ကမ္ဘောဒီးယားလူမျိုးများက ကမ္ဘောဒီးယားဆန်ကို လွယ်ကူစွာဝယ်ယူနိုင်စေမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ MoU သည် Otis McAllister,Inc က ဇွန်လတွင် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ကမ္ဘောဒီးယား၏ အကောင်းဆုံးဆန်အရည်အသွေးနှင့်ပတ်သက်ပြီး သတင်းအချက်အလက်ရယူပြီးနောက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ထိုလုပ်ငန်းသည် ထိုအချိန်များက များစွာသော ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်အတူ ပြည်တွင်းဆန်စက်ပိုင်ရှင်များနှင့် အစည်းအဝေးများကျင်းပခဲ့ပြီး စိုက်ပျိုးရေးအသင်းအဖွဲ့များနှင့် ဆန်စပါးစိုက်ခင်းများသို့ ကွင်းဆင်းလည်ပတ်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ် ပထမရှစ်လတွင် ကမ္ဘေားဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၄၁၂,၀၂၃တန်တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၃၀၅သန်းရရှိခဲ့ကြောင်းသိရပါသည်။ ထိုကာလအတွင်း ကုမ္ပဏီ ၅၃ခုသည် ကြိတ်ခွဲထားသောဆန်များကို နိုင်ငံပေါင်း ၆၅နိုင်ငံသို့ တင်ပို့ခဲ့ကြောင်းသိရပါသည်။

Source:Khmer Time

DOCA(ရန်ကုန်)