Main menu

AEON သည် ဗီယက်နမ်အလယ်ပိုင်းတွင် ၎င်း၏ ပထမဆုံးဈေးဝယ်စင်တာကိုဖွင့်လှစ်

Powered by Drupal

         AEON Mall Vietnam သည် ဗီယက်နမ်အလယ်ပိုင်းရှိ ၎င်း၏ ပထမဆုံးဈေးဝယ်စင်တာဖြစ်သော AEON Mall Hue အား Thua Thein Hue ခရိုင်တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။

         ၈.၆ ဟတ်တာကျယ်ဝန်းသော ကုန်တိုက်သစ်သည် နာမည်ကြီး နိုင်ငံတကာနှင့် ပြည်တွင်းအမှတ်တံဆိပ်များပါဝင်သော စတိုးဆိုင်ပေါင်း ၁၄၀ခန့်ထားရှိမည်ဖြစ်သည်။

         အဆိုပါ အဆောက်အအုံအား ပြီးခဲ့သည့်ဖေဖော်ဝါရီလက စတင်တည်ဆောက်ခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ သန်း၇၀နီးပါးရှိကြောင်းသိရသည်။

       AEON Mall ၏ ဥက္ကဋ္ဌ Ohno Keiji က “ယဉ်ကျေးမှု၏ စံအိမ်” ဟူသော အယူအဆအောက်တွင် AEON Mall Hue သည် ဂျပန်နှင့် Hue ယဉ်ကျေးမှုတန်ဖိုးများကို လိုက်ဖက်ညီစွာပေါင်းစပ်မှုတစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။

       ဈေးဝယ်ဖောက်သည်များအတွက် အတွေ့အကြုံအသစ်များပေးဆောင်နိုင်ရန် မျှော်လင့်ထားပြီး ဈေးဝယ်လာသူတိုင်းအား ၎င်းတို့၏အိမ်ကဲ့သို့ပင် ရင်းနှီးပြီး သက်တောင့်သက်သာရှိသော နေရာတစ်ခုဖြစ်လာစေရန် မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

         ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဋ္ဌ Phan Quy Phuang က အဆိုပါ တိုက်ဖွင့်ပွဲသည် အဓိက Project များအား အကောင်အထည်ဖော်ရန်အတွက် ဒေသ၏ ကြိုးပမ်းအားထုတ်မှုအမှတ်အသားဖြစ်ကြောင်းပြောကြားခဲ့သည်။

         ကုန်တိုက်များ ထိရောက်စွာလည်ပတ်နိုင်စေရေးအတွက် ခရီးသွားများကိုဆွဲဆောင်ရန်နှင့် ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်းမွန်ဆုံးသော အခြေအနေများကိုဖန်တီးရန် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်။        

Source: vnexpress

DOCA(ရန်ကုန်)