Main menu

အ‌ရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သော ထိုင်းနိုင်ငံမှ ခရီးသွားအခွန် ၈ဒေါ်လာအား ပြန်လည်ထည့်သွင်းရန် စီစဉ်လျက်ရှိ

Powered by Drupal

        ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီးအသစ်သည် ဝင်ငွေတိုးရန်နှင့် အခြေခံအဆောက်အအုံများမြှင့်တင်ရန်အတွက် ၂၀၂၅ခုနှစ်တွင် ယခင်ရွှေ့ဆိုင်းထားသော ဘတ်၃၀၀(အမေရိကန်ဒေါ်လာ ၈.၂၀) ခရီးသွားလုပ်ငန်းခွန်ကို ပြန်လည်ကောက်ခံရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

       ခရီးသွားလုပ်ငန်းအခကြေးငွေကောက်ခံခြင်းမှ ရရှိသောဝင်‌ငွေအား အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားဘေးကင်းရေးတို့အတွက် အသုံးချနိုင်သောကြောင့် စက်မှုလုပ်ငန်းအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး Sorawang Thienthang က ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။ လေယာဉ်ဖြင့်ရောက်ရှိလာသော နိုင်ငံခြားခရီးသည်များအား ဘတ်၃၀၀ကောက်ခံမည်ဖြစ်ပြီး ရေကြောင်း သို့မဟုတ် ကုန်းကြောင်းမှ ဝင်ရောက်လာသော ခရီးသည်များအား ဘတ်၁၅၀ကောက်ခံမည်ဖြစ်သည်။ ဝန်ကြီးဌာနသည် ယခုနှစ် နောက်ဆုံးသုံးလပတ်အတွင်း အခကြေးငွေကိုအကောင်အထည်ဖော်ရန် မဆုံးဖြတ်မီ စနစ်၏အဆင့်ဆင့်ဖြစ်ပေါ်မှုအပေါ်  ဆက်လက်လေ့လာရန်လိုအပ်ကြောင်း Sorawang က မှတ်ချက်ပြုခဲ့သည်။ ယခုနှစ်အကုန်တွင် နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု ၃၅.၉၉သန်းရှိမည်ဟု ထိုင်းအစိုးရက ခန့်မှန်းထားပြီး ယခင်နှစ်ထက် ၂၈ရာခိုင်နှုန်းတိုးလာသည်ဟုသိရသည်။ ခရီးသွားလုပ်ငန်းမှ ဝင်ငွေသည် ဘတ် ၁.၈ဘီလီယံအထိတိုးလာမည်ဟုခန့်မှန်းထားပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃၂ရာခိုင်နှုန်းတိုးလာကြောင်းသိရသည်။

         ကိုဗစ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ခုနှစ်တွင် စီးပွားရေးကို ခရီးသွားလုပ်ငန်းအား မှီခိုအားထားခဲ့ရသော ထိုင်းနိုင်ငံသည် နိုင်ငံခြားဧည့်သည် ၃၉.၉သန်းကို စံချိန်တင်ကြိုဆိုခဲ့ပြီး ဝင်ငွေဘတ် ၁.၉၁ထရီလီယံ(အမေရိကန်ဒေါ်လာ ၅၅.၈ဘီလီယံ)ရရှိခဲ့သည်။

Source: vnexpress

DOCA(ရန်ကုန်)