Main menu

ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ဒေသထွက်သီးနှံများ လက်ကျန်လျော့နည်းလာသော်လည်း ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲယင်း(အနီ)၊ ပဲကြီးနှင့် အစေ့ထုတ်ပြောင်းတို့ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၂၅.၉.၂၀၂၄)  နေ့တွင် မတ်ပဲ Raw တစ်တင်းလျှင် ၁၃၀၅၀၀/- ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင်လကာလတူဈေးနှုန်း  ၁၂၅၂၀၀/- ကျပ်ဖြင့် နှိုင်းယှဉ်ပါက ၅၃၀၀/- ကျပ်မြင့်တက်လျက်ရှိပြီး လက်ကျန်လျော့နည်းလာသည့်အတွက် နေ့စဉ် မတ်ပဲအိတ် ၅၀၀ မှ ၁၀၀၀ ကြားသာ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ (၂၅.၉.၂၀၂၄)ရက်နေ့တွင် ပဲယင်းအနီ တစ်တင်းလျှင် ၇၈၀၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လကာလတူဈေးနှုန်း ၈၃၅၀၀/- ကျပ်ဖြင့် နှိုင်းယှဉ်ပါက ၅၅၀၀/- ကျပ်၊ ပဲကြီးတစ်တင်းလျှင် ၇၈၀၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခင်လ ာလတူ ဈေးနှုန်း ၈၁၀၀၀/-ကျပ်နှင့် နှိုင်းယှဉ်ပါက ၃၀၀၀/-ကျပ် အသီးသီး ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိပါသည်။

      စက်တင်ဘာလ နောက်ဆုံးသီတင်းပတ်တွင် အစေ့ထုတ်ပြောင်းဈေးသည် ၃၄၀၀၀/-ကျပ်ထိသာ ဈေးရရှိခဲ့ပြီး၊ ယခင်လ ကာလတူဈေးနှုန်း ၃၆၅၀၀/-ကျပ်နှင့် နှိုင်းယှဉ်ပါက ၂၅၀၀/-ကျပ် ဈေးနှုန်းကျဆင်းခဲ့သည်ကို တွေ့ရကာ ပစ္စည်းလက်ကျန်နည်းလာသည့်အတွက် အစေ့ထုတ်ပြောင်း အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)