၂၀၂၄ ခုနှစ်၊ မိုးရာသီစက်တင်ဘာလ စတုတ္ထပတ်တွင် ကရင်ပြည်နယ် ဒေသထွက် မုန်လာဥဖြူများ ဈေးကောင်းရလျက်ရှိနေကြောင်း သတင်းရရှိသည်။
မုန်လာဥဖြူကို သုံးတတ်ရင် သုံးတတ်သလိုဟင်းဖြစ်စေသော မြန်မာ့အစားအစာတစ်မျိုး ဖြစ်ပါသည်။မုန်လာဥကို ငါးခူ ၊ငါးရံ၊ ငါးမြင်း၊ ငါးကြင်းစသောငါးများဖြင့် ချဉ်ရည်ဟင်း ချက်စားကြသလို မုန်လာဥပိုးတီချဉ်၊ မုန်လာဥသနပ်သုပ်၊ မုန်လာဥချဉ်ဖတ်တို့ကလည်း ထမင်းမြိန်စေပါသည်။ မုန်လာဥဖြူတွင်ပါရှိသော ဗီတာမင်အေ၊ ဗီတာမင်စီနှင့်ဗီတာမင်ကေဓာတ်များက ခန္ဓာကိုယ် အရေပြားပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါသည်။ မုန်လာဥဖြူဈေးနှုန်းများမှာ မုန်လာဥဖြူ အစည်းကြီး တစ်စည်းလျှင် (၁၅၀၀)ကျပ်၊ မုန်လာဥဖြူ အစည်းသေး တစ်စည်းလျှင် (၈၀၀)ကျပ်နှုန်းနှင့် မုန်လာပင်ပေါက်ဈေးနှုန်း တစ်စည်း(၅၀၀)ကျပ်နှုန်းတို့ဖြစ် ဈေးကောင်းရကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မုန်လာဥဖြူးရောင်းချသည့်ဆိုင်များမှ သိရပါသည်။
DOCA(ကရင်)