Main menu

အိန္ဒိယနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်မှုသည် ၂၀၂၃-၂၀၂၄ တွင် ၃၃၂.၂၂ MT စံချိန်တင်ရောက်ရှိခဲ့

Powered by Drupal

     အိန္ဒိယနိုင်ငံ၏ စားနပ်ရိက္ခာထွက်ရှိမှုသည် ဂျုံနှင့် ဆန်အထွက်နှုန်းတိုးတက်မှုတို့ကြောင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဇွန်လကုန်တွင် တန်ချိန် ၃၃၂.၂၂ သန်းအထိ စံချိန်တင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ၂၅.၉.၂၀၂၄ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ ကပြောကြားခဲ့သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် နောက်ဆုံးခန့်မှန်းချက်မှာ ၂၀၂၂-၂၀၂၃ ခုနှစ်က တန်ချိန် ၃၂၉.၆ သန်းထက် တန်ချိန် ၂.၆၁ သန်းတိုးလာကြောင်း ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။ စပါးထုတ်လုပ်မှုမှာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၁၃၅.၇၅ သန်းမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁၃၇.၈၂ သန်းအထိ စံချိန်တင်ရောက်ရှိခဲ့သည်။ ဂျုံအထွက်နှုန်းမှာလည်း ၂၀၂၂-၂၀၂၃ ခုနှစ်က တန်ချိန် ၁၁၀.၅၅ သန်းနှင့် နှိုင်းယှဉ်ပါက ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁၁၃.၂၉ သန်း အထိမြင့်တက်ခဲ့သည်။ သို့သော်လည်း ပဲမျိုးစုံစွက်ရှိမှုမှာ တန်ချိန် ၂၆.၀၅ သန်းမှ ၂၄.၂၄ သန်းသို့ကျဆင်းခဲ့ပြီး ဆီထွက်နှုန်းမှာတန်ချိန် ၃၉.၆၆ သန်းမှ တန်ချိန် ၄၁.၃၅ သန်းသို့ ကျဆင်းခဲ့ကြောင်းသိရသည်။ ဝန်ကြီးဌာနသည် ပဲမိုးစုံ၊ ကောက်နှံကြမ်းများ၊ ပဲပုပ်နှင့် ဝါဂွမ်းထုတ်လုပ်မှု ကျဆင်းမှုသည် Maharashtra အပါအဝင် တောင်ပိုင်းပြည်နယ်များတွင် မိုးခေါ် ရေရှားမှုအခြေအနေများနှင့် ဩဂုတ်လများအတွင်း အထူးသဖြင့် Rajasthan တွင် အချိန်ကာလကြာမြင့်စွာ ခြောက်သွေ့ ခြင်းတို့ကြောင့်ဖြစ်သည်။ ကြံထွက်ရှိမှုမှာ တန်ချိန် ၄၉၀.၅၃ သန်းမှ ၄၅၃.၁၅ သန်းသို့ ကျဆင်းသွားပြီး ဝါဂွမ်းအတွက် ၃၂.၅၂ သန်းသို့ ကျဆင်းသွားခဲ့သည်။ အဆိုပါ ခန့်မှန်းချက်များသည် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများမှ ရရှိထားသော အချက်အလက် များအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

Source: khmertimeskh       

DOCA(ရန်ကုန်)