အင်ဒိုနီးရှားနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုများအား အရှိန်မြှင့်တင်ရန်အထူးစီးပွားရေးဇုန် (SEZ) အသစ် ၆ ခုတည်ထောင်မည်ဖြစ်ပြီး လက်ရှိတည်ရှိနေသော ဇုန်တစ်ခုကို ထပ်မံတိုးချဲ့ မည်ဟုသိရပါသည်။ အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်သူ Airlangga Hartarto က စီးပွားရေးဇုန်များသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအမေရိကန်ဒေါ်လာ ၇၂ ဘီလီယမ်ကို ဆွဲစောင်နိုင်ပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၄ သန်းရရှိနိုင်ရန် မျှော်လင့်ရကြောင်း ၂၅-၉-၂၀၂၄ ရက်နေ့က ပြောကြားခဲ့သည်။ SEZ အသစ် ၆ ခုသည် East Java ပြည်နယ်ရှိ Sidoarjo ၊ East Kalimantan ပြည်နယ်ရှိ East Kutai ၊ West Java ပြည်နယ်ရှိ Subang တွင် ၂ ခု၊ North Kilamantan ပြည်နယ်ရှိ Bulungan နှင့် Central Java ပြည်နယ်ရှိ Batang တို့တွင် တည်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ဇုန်များ၏ အရွယ်အစားမှာ ၄၈၀ ဟက်တာမှ ၁၀၀၀၀ ဟက်တာအထိ ကျယ်ဝန်းမည်ဖြစ်ပြီး လက်ရှိတည်ရှိပြီးဖြစ်သော Riau ကျွန်းများရှိ Nongsa မှ SEZ ကို ၂၂.၄၃ ဟက်တာ ထပ်မံတိုးချဲ့မည်ဟုသိရပါသည်။ ထို SEZ အသစ်များသည် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးကြီးထွားမှုကို လာမည့် ၅ နှစ် မှ ၁၀ နှစ်အတွင်း အရှိန်မြှင့်တင်ပေးနိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ စုစုပေါင်း အနေနှင့် အင်ဒိုနီးရှားတွင် SEZ ၂၉ ထိရှိလာလိမ့်မည်ဟု သိရပါသည်။
Source : Vietnam Plus
DOCA(ရန်ကုန်)