Main menu

“ပဲစဉ်းငုံစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ‌‌ကျောက်ဆည်ခရိုင်တွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံ၊ စားဖိုဆောင်သီးနှံမျိုးစုံများစိုက်ပျိုးသည့်အပြင် ပဲမျိုးစုံသီးနှံတစ်မျိုးဖြစ်သည့် ပဲစဉ်းငုံသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ပဲစဉ်းငုံသီးနှံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၁၄၈၃)ဧက၊ မြစ်သားမြို့နယ်တွင်(၂၅၆)ဧက၊ စုစုပေါင်း(၁၇၃၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏စာရင်းများအရသိရှိရပါသည်။ပဲစဉ်းငုံ(၁)ဧက စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်စုစုပေါင်း(၂၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျ ကြောင်း၊အများဆုံးစိုက်ပျိုးသောမျိုးများမှာ ရွှေဒင်္ဂါးနီ၊ ဝါမျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံသီးနှံကို သီးညှပ်သီးထပ်စိုက်ပျိုးသည့်အပြင် သီးသန့်လည်းစိုက်ပျိုးကြပါသည်။(၁)ဧကလျှင် စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့(၄-၅)ပြည်ကုန်ကျကြောင်း၊ သီးညှပ်စိုက်ပျိုးရာတွင် ပဲစဉ်းငုံတစ်တန်းနှင့် တစ်တန်းကြားတွင် ပဲတီစိမ်း၊ နှမ်း၊ မြေပဲ၊ နေကြာများကိုညှပ်၍စိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံမိုးဦးကို ဧပြီလမှစတင်စိုက်ပျိုးခဲ့ပြီး ဇန်နဝါရီလတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း ၊ ပဲစဉ်းငုံသီးနှံကို မြစ်သား မြို့နယ်အတွင်းရှိ စိုက်ပျိုးသောရွာများရှိရာ အနည်းငယ်သာရေနစ်မြုပ်ပြီး ရေနစ်မြုပ်မှုမရှိသော ရစ်ကန်၊ ကျားတွင်း၊ ရိုးကန်နှင့်တောင်တွင်းကျေးရွာများတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း၊ သက်တမ်းမှာ ၉လမှ၁၀လအထိ သက်တမ်းရှိကြောင်း၊ ပဲစဉ်းငုံအထွက်နှုန်းအနေဖြင့်(၈-၁၀) တင်းထွက်ရှိကြောင်း၊ ယခုလက်ရှိပဲစဉ်းငုံပေါက်စျေးမှာ တစ်တင်းလျှင်(၁၅၀၀၀၀/-)ကျပ်စျေးများ ဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း၊ ပဲစဉ်းငုံထွက်ပေါ်ချိန်တွင်မြို့ပေါ်ပွဲရုံများသို့သွားရောက်ရောင်းချကြကြောင်း၊ ပွဲရုံများမှမန္တလေးမြို့နှင့်ရန်ကုန်မြို့ရှိပွဲရုံများသို့တင်ပို့ရောင်းချကြကြောင်း၊ ၄င်းပွဲရုံများမှ ပြည်ပသို့တင်ပို့ရောင်းချလျှက်ရှိကြောင်း ပဲစဉ်းငုံသီးနှံကို ဟင်းချိုချက်၍စားသုံးကြကြောင်း ၊ ပဲစဉ်းငုံစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိသလို စိုက်ပျိုးစရိတ်သက်သာပြီးအကျိုးအမြတ်များရရှိနိုင်သော ပဲစဉ်းငုံသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)