Main menu

ပေါင်းတည်မြို့နယ်တွင်မိုးစပါးများရိတ်သိမ်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စက်တင်ဘာလမှစ၍ မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပေါင်းတည်မြို့နယ်တွင်၂၀၂၄ခုနှစ် မိုးစပါးစိုက်ပျိုးဧက (၇၃၅၁၄) စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာနများမှ   သိရပါသည်။

      စိုက်ပျိုးသည့် စပါးမျိုးများမှာ  ရတနာတိုး၊ ငွေတိုး၊ အင်းလယ်၊ တောင်ပျံစပါးမျိုးများဖြစ်ပြီး ယခုလက်ရှိရတနာတိုးစပါးကိုရိတ်သိမ်းနေပြီး မိုးစပါးတစ်ဧက ကုန်ကျစရိတ်မှာ(မျိုး၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်၊ အလုပ်သမားခ) စုစုပေါင်း ငွေကျပ် (၅၅၂၀၀၀)ခန့်ကုန်ကျပြီး တစ်ဧကပျမ်းမျှ အထွက် နှုန်း (၇၅-၈၅)တင်း ထွက်ရှိပါကြောင်း၊ ယခုလက်ရှိ စက်တင်ဘာလတတိယပတ်တွင် စပါးတင်း (၁၀၀)ပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် ပေါင် (၅၀)ဖြင့် ကွင်းပေါက်ဈေး ငွေကျပ် (၁၆၅၀၀၀၀) ရရှိသဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် (၈၅၀၅၀၀)ခန့် ရရှိပါကြောင်း၊ ယခုနှစ်စပါးရိတ်သိမ်းချိန်တွင် ရာသီဥတုဒဏ်ကြောင့် အလေအလွင့်များကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)