စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနနှင့်အတူ ညောင်တုန်းမြို့နယ် ဆားမလောက်(အ.ထ.က)ကျောင်းတွင် ကျောင်းသား/ သူ၊ ဆရာ/ ဆရာမ(၂၇၀)ဦးအား (၂၇.၉.၂၀၂၄) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်က စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ချိုမီဇင်(ဒုဦးစီးမှူး)က အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအမိန်ထုတ်ပြန်ချက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့် အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များကို သိရှိနားလည်စေရန် အချက်များကိုလည်းကောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားမှုဆောင်ရွက်ရာတွင် website ၊ Mobile Application Call Center 1535 တို့မှတဆင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည့် အခြေအနေများ၊ မအူပင်ခရိုင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC) ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)