Main menu

ပခုက္ကူမြို့တွင် ဖြစ်ပေါ်နေသော ပဲစဉ်းငုံနီဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ကံတော်၊ ကံလှ၊ ကံထိန်၊ ကံရက်၊ ဒဟက်ခြောက်၊ သစ်ပင်ကြီးနှင့် ချောက်ကန်အုပ်စုကျေးရွာများတွင် ပဲစဉ်းငုံနီကို သီးညှပ်အဖြစ် အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့နယ်သာမက အခြားမြို့နယ်များမှလည်း ပဲစဉ်းငုံနီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

   ၂၀၂၄ခုနှစ်၊ စက်တင်ဘာ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၁၅၃၀၀၀-၁၅၆၀၀၀)ထိ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်စက်တင်ဘာ(တတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးအတက်အကျမရှိ ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်ကြောင်း၊ နေ့စဉ် အိတ်ရေ(၁၀၀-၃၀၀)ထိ အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် အခြားမြို့နယ်များသို့ တင်ပို့ကြောင်း၊ ပြည်ပပို့ကုန်အနေဖြင့် တရုတ်နှင့်အိန္ဒိယနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)