၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုင်းတုံ-တာချီလိတ်၊ ကျိုင်းတုံ-မိုင်းလား လမ်းမပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်(၅)ဆိုင်အား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှု ရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီလက်ကျန်အနေဖြင့် စက်သုံးဆီများလုံလောက်စွာသိုလှောင်ထားရှိပြီး သတ်မှတ် ရည်ညွှန်းဈေးအတွင်းသာရောင်းချကာ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများ အား အချင်အတွယ်မှန်ကန်မှုရှိစေရေးကိုအလေးထားရန်၊ သတ်မှတ်ရည်ညွှန်ဈေးအတွင်းသာရောင်းချရန် မှာကြား၍ စက်သုံးဆီလက်ကျန်အခြေအနေတို့အား စစ်ဆေးခြင်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)