Main menu

ပန်းတနော်မြို့ပေါ်ရှိ တိုင်းရင်းဆေးအမျိုးမျိုးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ဝန်ထမ်းများသည် (၂၇-၉-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အနောက်ပိုင်းရပ်ကွက်နှင့် အရှေ့ပိုင်းရပ်ကွက်တွင် ရောင်းချနေသော တိုင်းရင်ဆေးဝါးအမျိုးမျိုးအရောင်းဆိုင်(၆)ဆိုင်အား ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့ဆောင်ရွက်ရာ၌ တိုင်းရင်းဆေး ဗမာဆေးဆိုင်အတွင်းရှိ အိမ်သုံးဆေး (မြန်မာဆေးအမျိုးမျိုး) တို့တွင် ကုန်အညွှန်းအမှတ်အသားပြဋ္ဌာန်းခြင်းဆိုင်ရာ ဖော်ပြရမည့်အချက်များပါဝင်ခြင်းရှိ/ မရှိကိုစစ်ဆေးခြင်း၊ ဗမာသွေးဆေးဖော်စပ်အမှုန့်များကို လေလုံအောင် စနစ်တကျသိမ်းဆည်းပြီး လေလုံသောအိတ်ထုပ်များဖြင့်ထုပ်၍ ဆေးအညွှန်းဖြင့်ရောင်းချရန်နှင့် ဆေးဝါးများပြတ်လပ်ခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခြင်း၊ ထို့နောက် စပ်ဆေးများ‌ကိုရောင်းချခြင်းမပြုရန် နိုင်ငံခြားဆေးများုရောင်းချပါက ပိုးသတ်ဆေးများရောင်းချခြင်းမပြုရန် ဆရာဝန်၏ညွှန်ကြားချက်ဖြင့် လာရောက်ဝယ်ယူသော သတ်မှတ်ဆေးများကိုသာ စားသုံးသူပြည်သူများအားရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)