ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၂၅-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ကျုံမငေးအကယ်ဒမီဆန်စက်တွင် ရောင်းချပေးနေသောဆန်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းကာ နံနက်(၁၀:၀၀)နာရီအချိန်တွင်လည်း ဈေးရပ်ကွက်ရှိ ဆန်ရောင်းချနေသောဆိုင်များတွင် ရောင်းချနေသောဆန်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံက ကျုံမငေး အကယ်ဒမီဆန်စက်တွင်ရောင်းချနေသော ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်ဖြင့်ရောင်းချပေးနေပြီး ဈေးရပ်ကွက်ရှိ ဦးသန်းဆွေဆန်ဆိုင်နှင့် ဦးမိုးသူဆန်ဆိုင်တို့တွင်ရောင်းချနေသော ပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်ဖြင့်ရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်တို့အတွက် ရှင်းလင်းပြောကြားခဲ့ပြီး ဆန်စက်နှင့်နှင့်ဆန်ဆိုင်ပိုင်ရှင်များအား ဆန်ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆန်ရောင်းချနေသော ဆန်စက်နှင့်ဆန်ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်စက်နှင့် ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)