ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၂၆-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ညိမ်းချမ်း ကုန်စုံဆိုင်တွင် ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီရောင်းချပေးနေမှုအပေါ် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆီဝယ်စာအုပ်များဖြင့် စားအုန်းဆီဝယ်ယူရရှိနေမှုအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးဆောင်၍ စားအုန်းဆီရောင်းချနေသောဆိုင်အား အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရန်၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချစေရန်ပြောကြားပြီးနောက် ၎င်းဆိုင်အနေဖြင့် နေ့လယ်(၁၂:၀၀)နာရီမှ ညနေ(၄:၀၀)နာရီအချိန်ထိရောင်းချပေးနေခြင်း၊ ရောက်ရှိလာသောစားသုံးသူပြည်သူများအနေဖြင့် ားအုန်းဆီများဝယ်ယူရာ၌ စာအုပ်တွင်ဖော်ပြထားသော အမည်ရှိသူနာ ဝယ်ယူမှုရှိ/မရှိ၊ ဆီဝယ်ယူခွင့်ကာလအတွင်း သတ်မှတ်ပမာဏသာဝယ်ယူရန်၊ ဝယ်ယူရရှိသည့်စားအုန်းဆီများကို တစ်ဆင့်ပြန်လည်ရောင်းချခြင်းရှိ/မရှိ၊ ဆီဝယ်ယူခွင့်စာအုပ်အား ဝယ်ယူသည့်ဆိုင်တွင် အပ်နှံထားခြင်းရှိ/မရှိ အသေးစိတ်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)